ကိုယ်ပိုင်ဘလော့တစ်ခု တည်ဆောက်ချင်တဲ့ သူငယ်ချင်းတွေအတွက် blogger ဆိုဒ်မှာ
ဘလော့ တည်ဆောက်ပုံကို ကျနော်ရှင်းပြပေးသွားပါ့မယ်
ပထမဦးဆုံး ဘလော်ဂါဆိုဒ် (ဒီနေရာလေးမှာကလစ်) ကို သွားလိုက်ပါ.။
အောက်ပါ ပုံအတိုင်း မြင်ရပါမယ်ခင်ဗျာ...
အပိုင်း (1)
အဲဒီပုံထဲက Email ဆိုတဲ့နောက်က ကွက်လပ်မှာ သင့်အီးမေးလ်အကောင့်ကိုထည့်ပါ
(ဥပမာ... username@gmail.com)
Password နောက်က ကွက်လပ်မှာ သင့်အီးမေးလ်ရဲ့ စကားဝှက် အစစ်မှန်ကို ထည့်ပေးပါ.။
(စကားဝှက် ပျောက်ဆုံးသွားမှာ မကြောက်ပါနဲ့ blogger ဆိုဒ်က တာဝန်ယူထားပါတယ်)
ပီးရင် Sign in ကလစ်ပြီး ဝင်လိုက်ပါ အောက်ပါ ပုံအတိုင်း မြင်ရပါမယ်.။
ဘလော့ တည်ဆောက်ပုံကို ကျနော်ရှင်းပြပေးသွားပါ့မယ်
ပထမဦးဆုံး ဘလော်ဂါဆိုဒ် (ဒီနေရာလေးမှာကလစ်) ကို သွားလိုက်ပါ.။
အောက်ပါ ပုံအတိုင်း မြင်ရပါမယ်ခင်ဗျာ...
အပိုင်း (1)
အဲဒီပုံထဲက Email ဆိုတဲ့နောက်က ကွက်လပ်မှာ သင့်အီးမေးလ်အကောင့်ကိုထည့်ပါ
(ဥပမာ... username@gmail.com)
Password နောက်က ကွက်လပ်မှာ သင့်အီးမေးလ်ရဲ့ စကားဝှက် အစစ်မှန်ကို ထည့်ပေးပါ.။
(စကားဝှက် ပျောက်ဆုံးသွားမှာ မကြောက်ပါနဲ့ blogger ဆိုဒ်က တာဝန်ယူထားပါတယ်)
ပီးရင် Sign in ကလစ်ပြီး ဝင်လိုက်ပါ အောက်ပါ ပုံအတိုင်း မြင်ရပါမယ်.။
အထက်က ပုံထဲမှာ ပြထားတဲ့ အတိုင်း New blog ဆိုတာလေးကို ကလစ်လိုက်ပါခင်ဗျ..။
(၁) Title ဆိုတဲ့ နေရာမှာ မိမိဘလော့ တပ်ချင်တဲ့ ခေါင်းစဉ်ကို ရေးထည့်ပေးပါ
(ကျနော်ကတော့ အမုန်းမဲ့ (မန္တလေး)လို့ ပေးလိုက်တယ်ခင်ဗျ)
(၂)Address ဆိုတဲ့ နောက်မှာ .blogsopt.com ဆိုတဲ့ စာသာလေးက အလိုလို ရှိနေပါမယ်
သူရှေ့မှာ မိမိဘလော့ရဲ့ blog address ဖြစ်စေချင်တဲ့ အမည် တစ်ခုခုကို ရေးထည့်ပေးပါ
sorry လို့ပြရင် မရဘူး နောက်ထပ် နာမည်တစ်ခုထပ်ပေး..လို့ပဲ အလွယ်ပြောပါရစေခင်ဗျာ
(ကျနော်ကတော့ ပုံထဲမှာ mgamonemae ဆိုပီး ထည့်ပေးပြထားပါတယ်..။အဲဒီအမည်က နာမည်တူမရှိသေး
တဲ့အတွက် blog address အတည်က www.mgamonemae.blogsopt.com ဆိုပီး ဖြစ်သွားမှာပါ)
(၃) template ဆိုတဲ့ စာသားနဲ့အတူ ပုံထဲမှာ ကြည့်လိုက်ပါ တန်းပလိပ် ပုံတွေ အများကြီးပြထားပါတယ်
သူငယ်ချင်း ကြိုက်တဲ့ ပုံကို ကလစ်လိုက်ပါ..။ အဲဒီပုံအတိုင်း မိမိဘလော့ နောက်ခံဖြစ်လာပါမယ်.။
မရွေးဘဲ နောက်မှ ရွေးမယ်ဆိုလဲရတယ်..။ မကြိုက်လဲ ပြောင်းလို့ရတယ်ခင်ဗျ..။
အထက်က အချက်တွေ ပီးသွားပီဆိုရင်.... Create blog ဆိုတဲ့ စာတန်းကို
ကလစ်လိုက်ပါတော့..။ဒါဆိုရင် သူငယ်ချင်းမှာ ကိုယ်ပိုင် ဘလော့ တစ်ခု အောင်မြင်စွာ
ရရှိသွားပါပြီခင်ဗျာ........
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အပိုင်း(2)
ကဲ ကိုယ်ပိုင်ဘလော့တစ်ခု ရရှိသွားပေမယ့် အခုအချိန်မှာ ဘာမှ မထည့်ရသေးတော့
ဘာမှ မရှိသေးဘူးလေ..... အဲတော့.. ဘယ်လို ဆက်လုပ်ရမယ် .. ဘယ်လို ထည့်ရမယ် ဆိုတာတွေကို
ဆက်ပြီး လေ့လာကြည့်ပါအုံးခင်ဗျာ..
အထက်ကအတိုင်း Create blog ဆိုတာကို ကလစ်လိုက်တာနဲ့ အောက်ပါအတိုင်းဆက်မြင်ရမယ်
ပုံထဲမှာ ပြထားတဲ့ မျှားကောက်လေးကို ကလစ်လိုက်ပါ အောက်ပါအတိုင်း ဆက်လက်မြင်ရပါမယ်.။
မှတ်ချက် ။အထက်ပါ ပုံထဲတွင် အဝိုင်းပြ ထားသည်များမှာ အရေးကြီး လုပ်ဆောင်ရလေ့ရှိသည့်
Setting ပိုင်းများ ဖြစ်ပါသည်.။
ကဲ အခုလောက်ဆိုရင် သင့်ဘလော့ဆိုဒ်လေးက Active ဖြစ်သွားပါပြီခင်ဗျာ..
http://usernmae.blogsopt.com ဆိုပီး ရိုက်ရှာကြည့်လိုက်ပါ သင့်ဘလော့ကို တွေ့ပါမယ်.။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အပိုင်း(3)
ကဲ အခု အထက်က setting ပိုင်းလေးတွေကို တစ်ခုချင်း ရှင်းပြပါတော့မယ်..။
စိတ်ရှည်ရှည်နဲ့ အသေချာဖတ်ရင် တစ်ခါတည်းနဲ့ သိသွားတယ်ဗျ.. မဖတ်ရင်တော့ မသိဘူးဖြစ်သွားမယ်။
နံပါတ်(၁) Overview
...... ဆိုတာကတော့ သင့်ဘလော့ရဲ့ အခြေနေကို ဖော်ပြတာဖြစ်ပါတယ်.။
ဒါက အရေးမကြီးလို့ မရှင်းပြတော့ပါဘူးဗျာ..။
နံပါတ် (၂) Posts
.... ဆိုတာကို ကလစ်လိုက်မယ် ဆိုရင်....
All (00) {သင်ရေးထားသမျှ အားလုံး}
Draft {စာရေးပီး ဖျက်လိုက်တဲ့ပို့စ်တွေ.။ ပျက်စီးသွားတဲ့ ပို့စ်)
Published {သင်ယခု ဘလော့မှာ ဖော်ပြထားတဲ့ ပို့စ်များ)
သင်စာတွေ အများကြီး ရေးတင်မယ် ဆိုရင် တင်ထားသမျှ ခေါင်းစဉ်တွေကို
ဖော်ပြပေးမှာ ဖြစ်ပါတယ်.။ အဲဒီခေါင်းစဉ်တွေပေါ် မောက်တင်လိုက်ရုံနဲ့ Edit ။View ။Delete ဆိုတာလေး
တွေ အလိုလို ပေါ်လာမှာဖြစ်ပါတယ်.။(Edit ဆိုတာကို ကလစ်ပြီး ပြန်ပြင်လို့ရပါတယ်)
နံပါတ် (၃) Pages
... ဆိုတာကို ကလစ်လိုက်မယ် ဆိုရင်........
သင့်ဘလော့မှာ မူလစာမျက်နှာ ကဗျာလေးများ စသဖြင့် ဖွင့်ထားတဲ့ စာမျက်နှာခွဲ စာရင်းတွေကို ဖော်ပြ
ပေးပါ့မယ်.။ တကယ်လို့ မရှိသေးဘူး ဆိုရင်တော့...... New page ဆိုတာလေးကို ကလစ်လိုက်ပါ
Blank page ဆိုတာလေးကို ရွေးပေးပါ။ ဒါဆိုရင် စာမျက်နှာ အသစ်ဖွင့်ဖို့ ပေါ်လာပါပြီ.။
Page title ဆိုတဲ့ နေရာမှာ တစ်ခုခု (ဥပမာ .. ကဗျာလေးများ) ရေးပေးပါ..။
အောက်က ကွက်လပ်ထဲမှာ အဲဒီခေါင်းစဉ်နဲ့ ပတ်သက်ပီး အကြောင်းအရာ တစ်ခုခုရေးပေးပေါ့ဗျာ.။
ပီးရင်.. Publish ဆိုတာလေးကို ကလစ်လိုက်ပါ.။ ဒါဆိုရင် သင်စာမျက်နှာ အသစ်တစ်ခုရပါပြီ.။
နံပါတ် (၄) Comments
.. ဆိုတာလေးကို ကလစ်ကြည့်လိုက်ပါ..။ပြန်စာမှတ်ချက်တွေ တွေ့ရပါမယ်...။
သိပ်အရေးမကြီးလို့ လေမဖောတော့ဘူးနော်..။
နံပါတ် (၅) Stats
...ဆိုတာကတော့ သင့်ဘလော့ဆိုဒ်ရဲ့ အချက်လက် အပြည့်အစုံကို ဖော်ပြတဲ့နေရာပါ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နံပါတ် (၆) Layout ဆိုတာကို အသေးစိပ်ရှင်းပြမယ်.။
Layout ရဲ့ ပြုပြင်ခြင်း Setting ပိုင်းသည် ..... များပြားလွန်းသည်တော့ မဟုတ်ပါ။
သို့သော် အသေးစိပ်နီးပါ ကျကျ ရှင်းပြဖို့ ရည်ရွယ်ထားတာကြောင့် ဒီစာမျက်နှာမှာ ဆက်ရေးလိုက်ရင်
များပြား ရှုပ်ထွေးသွားမှာ စိုးသည့်အတွက်ကြောင့်..... သူ့အတွက် စာမျက်နှာ သီးသန့်ရေးသားပေးထား
ပါသည်..။ လေ့လာချင်သူများအနေဖြင့်..................
............ သွားရောက်ချင်သည့် စာတန်းကို ကလစ်လိုက်ပါ.........
Layout ရှင်းလင်းချက်များ ဖတ်ရှုရန် ကလစ်ပါ..။
Template ပြုပြင်ရန် ရှင်းလင်းချက်များ ဖတ်ရှုရန် ကလစ်ပါ..။
No comments:
Post a Comment