အဲလို ဘာလို့ လုပ်ထားရတာလဲ.. လို့ မေးလာခဲ့မယ် ဆိုရင် ကျနော့်မှာ ဖြေစရာရှိပါတယ်..။
ကျနော် စာတွေ ပြန်ရှာရင် လွယ်ကူအောင်လို့ပါခင်ဗျာ...........။
ကျနော့် Gmail အပြင်ဆင်လေးကို မြင်တွေ့ချင်ရင် အောက်က ပုံလေး ကြည့်လိုက်ပါ..။
ဆိုဒ်နဲ့ ပတ်သက်သမျှ....
ဘလော့ပိုင်းဆိုင်ရာများ
အမှတ်တရ ရုပ်ပုံများ......
.. စသဖြင့် label ခေါင်းစဉ်တွေ ကျနော် ခွဲထားပါတယ်..။
အဲဒီလို ခွဲခြားထားတဲ့အတွက်.... အသုံးကျလို့ ပြန်ကြည့်စရာ ယူစရာရှိလို့ mail ပြန်ရှာရတော့မယ်ဆိုရင်
လွယ်လွယ်ကူကူနဲ့ ပြန်ရှာလို့ ရပါတယ်..။ မျက်စိ လုံးဝကို ရှင်းသွားတယ်ခင်ဗျ..။
အဲဒီထက် ပိုတဲ့ အကျိုးကျေးဇူးကတော့ Gmail Loading လုပ်ဆောင်ရာမှာ.. အလွန်ပေါ့ပါးသွားတယ်ခင်ဗျ..။
။။။။။။။။။။။။။။။။။။
ကဲ အဲဒီလို မိမိစိတ်ကြိုက် Label ခေါင်းစဉ်တွေ ခွဲထားဖို့အတွက်
သင့် Gmail ထဲကို တစ်ချက်ကြည့်လိုက်ပါ..။
Label တွေရဲ့ အောက်မှာ More ဆိုတဲ့စာတန်းတစ်ခုရှိပါတယ်..။
ပုံထဲမှာ အကွက်လေး ပြထားပေးတဲ့ More ဆိုတဲ့နောက်က အောက်စိုက်မျှားလေးကို ကလစ်လိုက်ပါ..။
ဒီလို ထပ်ပီး မြင်ရပါမယ်.။
ပေါ်လာတဲ့ အထဲက Create New Label ဆိုတာကို ကလစ်လိုက်ပါ..။
ဒီလို ထပ်မြင်ရအုံးမယ်..။
Please enter a new label name ဆိုတဲ့ အောက်က ကွက်လပ် မှာ စိတ်ကြိုက်အမည် တစ်ခုခုထည့်လိုက်ပါ..။
ဥပမာ.. ဗဟုသုတများ... ဆိုပါစို့ဗျာ..။
ပီးရင် အောက်က Create ဆိုတာကို ကလစ်လိုက်ရုံပါပဲ..။
ဒါဆိုရင် သင့်စိတ်ကြိုက် Label တစ်ခု Gmail ထဲမှာ ရရှိသွားပါပြီ...။
.....။ အဲဒီနည်းနဲ့ ဖွင့်ချင်သလောက် ဖွင့်လိုက်ပါ............။
။။။။။။။။။။။။။။။။။။
အဲဒီလို ခေါင်းစဉ်ခွဲတွေ လုပ်ပြီးပီ ဆိုရင် .... သူငယ်ချင်း ပြောင်းရွေ့လိုတဲ့
Gmail အဝင်စာရဲ့ ရှေ့မှာ လေးဒေါင့် အကွက်လေး ရှိပါတယ်..။
အဲဒီထဲကို Check (အမှန်ခြစ်ပေါ်အောင်) လုပ်လိုက်ပါ..။
Check လုပ်ပီးပီ ဆိုရင် အပေါ်ကို ကြည့်လိုက်ပါ Move to ဆိုတဲ့ Button လေးရှိပါတယ်..။
Move to ဆိုတဲ့ Botton နောက်က ကပ်လျက်မှာ မျှားကောက်လေး အောက်စိုက်နေတာ ရှိပါတယ်.။
အောက်စိုက်မျှားလေးကို ကလစ်လိုက်ပါ..။ သူငယ်ချင်း ခွဲထားတဲ့ ခေါင်းစဉ်တွေ ပေါ်လာပါမယ်.။
သူငယ်ချင်း ရွေ့ချင်တဲ့ ခေါင်းစဉ် အမည်လေးကို Click ပေးလိုက်ပါ..။
ဒါဆိုရင် သက်ဆိုင်ရာ ခေါင်းစဉ်အောက်ကို mail က ရွေ့သွားပါပြီ..ခင်ဗျာ.........။
ဒါကတော့ ခေါင်းစဉ်ခွဲနည်းနဲ့ ရွေ့ပြောင်းသိမ်းဆည်းနည်းပဲဖြစ်ပါတယ်..။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကိုယ်ခွဲထားတဲ့ ခေါင်းစဉ်အမည်ကို ပြန်ပြင်ချင်တာပဲဖြစ်ဖြစ်
ဖျက်ချင်တာပဲဖြစ်ဖြစ်...။ တစ်ခုခု ပြန်ဆင်ချက် လုပ်ချင်တယ် ဆိုရင်တော့.....
Manage labels ဆိုတာကို ကလစ်ပြီးတော့.........
ပေါ်လာတဲ့ အထဲက edit ဆိုတာကို ကလစ်ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်ခင်ဗျာ...
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လုပ်ဆောင်နည်း နောက်တစ်မျိုးပါဗျို့..........
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျွန်တော်တို့အတွက် Gmail ကထပ်ဖြည့်ပေးလိုက်တဲ့ လုပ်ဆောင်ချက်အသစ်လေးအကြောင်းပါ။
ကျွန်တော်တို့ရဲ့ Gmail ထဲမှာရှိတဲ့ ၀င်လာသမျှစာတွေကို ခေါင်းစဉ်လေးတွေနဲ့ ခွဲပြီးသိမ်းတာကို
ရေးခဲ့ပြီးပါပြီ။ အ၀င်စာတွေကို ရွှေ့ချင်တဲ့အခါ ရွှေ့ချင်တဲ့ စာရှေ့က လေးထောင့်ကွက်လေးကို အမှန်ခြစ်ပေးပြီး
Move to ကိုဖွင့်ပြီး ရွှေ့ခဲ့ရတာ။အရင်ကပါ။
အခုတော့ Gmail က ကျွန်တော်တို့အတွက် လုပ်ဆောင်ချက် အသစ်တစ်ခု ဖြည့်ပေးလိုက်ပါပြီ။
ကျွန်တော်တို့ နေရာရွှေ့ချင်တဲ့ အ၀င်စာ ရဲ့ရှေ့က ``အစက်လေးတွေနဲ့ပြထား´´ တဲ့နေရာမှာ
Cursor တင်လိုက်တာနဲ့ လက်ဝါးပုံလေး ပေါ်လာပါလိမ့်မယ်။ ဒါဆိုရင် ထားချင်တဲ့ ခေါင်းစဉ်အောက်
တွန်းရွှေ့လိုက်ရုံပါပဲခင်ဗျာ။
Create ကိုကြည်နိုင် ဆိုဒ်မှ ကူးယူဖော်ပြလိုက်ပါသည်.။
1 comment:
Post a Comment