အွန်လိုင်းသုံးတဲ့သူမှန်သမျှ gtalk ကိုတော့ သုံးကြစမြဲပဲ ဖြစ်မှာပါ..။
သုံးသာ သုံးတာ.. ကိုယ့်အကောင့်ကို သူများတွေ အလွယ်တကူတော့ မသိစေချင်ဘူး..။
ကိုယ်က မသိစေချင်ပေမယ့်လို့ ကိုယ်ထိုင်လိုက်တဲ့ ကွန်ပျူတာကြီးက သူအလိုလို မှတ်မှတ်ထားနေတာက
ခက်တယ်.......။ ကိုယ်က သုံးပြီး နောက် gtalk တစ်ခါ ခေါ်ကြည့်တော့ ကိုယ့်ရဲ့ အမည်က ပေါ်လာတယ်..။
ဒါဆိုရင်.. နောက်လူ ထိုင်လိုက်တာနဲ့ ကိုယ့်ရဲ့ gtalk အကောင့်နာမည်ကို သိသွားမှာပဲ........။
................................................။
ကဲ.......... အဲလို အဲလို ဖြစ်နေတဲ့ သူတွေ ကျနော်ကို ဘီယာတိုက်ဗျာ....။(အဟီး နောက်တာ)
အဲဟုတ်ပေါင်.......... မကျန်ခဲ့ရအောင် ကျနော် ပြောပြမယ်...လို့ ပြောတာဗျ.. အဟဲဟဲ.........
...........။
၁။ Window+R ကို တွဲနှိပ်လိုက်ပါ.။( Run ဘောက်ပေါ်လာမယ်.။
ပေါ်လာတဲ့ Run box ထဲမှာ Regedit ဆိုပီး ရိုက်ပီး Ok ပေးလိုက်ပါ.။
၂။ HKEY _ CURRENT_ USER ဆိုတဲ့ စာတန်းရှေ့က ဘု လေးကို ကလစ်ပါ.။
၃။ Software ဆိုတဲ့ စာတန်းရှေ့က ဘု လေးကို ကလစ်ပါ
၎။ Google ဆိုတဲ့ စာတန်းရှေ့က ဘု လေးကို ကလစ်ပေးပါး
၅။ Google Talk ဆိုတဲ့ စာတန်းရှေ့က ဘု လေးကို ကလစ်ပေးပါ
၆။ Accounts ဆိုတဲ့ စာတန်း ရှေ့က ဘု လေးကို ကလစ်လိုက်ပါ..။
စက်မှာ အသုံးပြုထားတဲ့ gtalk အကောင့်တွေ မြင်ရမယ်ဗျ..။
သင့်အကောင့်ကို Right click လုပ်ပြီး Delete လုပ်လိုက်ပါတော့..။
အဲဒါပြီးသွားပြီးရင်.......... gtalk နောက်တစ်ခါ ခေါ်ကြည့်လိုက်ပါ..။
သင့် gtalk name မပေါ်လာတော့ပါဘူးခင်ဗျာ.....။

No comments:
Post a Comment