Template မှာဆိုရင် လုပ်ဆောင်ပုံ 2 မျိုးရှိပါတယ်..။
နံပါတ် (၁) မိမိဘလော့ကို blogger မှပေးသော Service နဲ့ ပြုပြင်ခြင်း
နံပါတ် (၂) HTML ကုဒ်များ မလိုတာကိုဖြုတ်. လိုချင်တာထည့်တဲ့နည်းနဲ့ ပြုပြင်ခြင်း.. ဆိုပီး ပေါ့ဗျာ...။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နံပါတ် (၁) မိမိဘလော့ကို blogger မှပေးသော Service နဲ့ ပြုပြင်ခြင်း
Template ဆိုတာကို ကလစ်လိုက်တာနဲ့ အောက်ပါ အတိုင်းမြင်ရပါမယ်.။
ပေါ်လာတဲ့ အထဲက Customize ဆိုတာကို ကလစ်လိုက်ပါ..။
အောက်ပါ အတိုင်း မြင်ရပါမယ်.။
ပြုပြင်ခြင်း 5 မျိုးရှိပါတယ်..။
ပုံထဲမှာ ကွင်းပီး ပြထားတဲ့ အတိုင်း Template ပြုပြင်ခြင်းမှာ 5 မျိုးရှိပါတယ်ခင်ဗျာ...။
နံပါတ် (၁) ။ Templates
နံပါတ် (၂) ။ Background
နံပါတ် (၃)။ Adjust widths
နံပါတ် (၄)။ Layout
နံပါတ် (၅)။ Advanced
............ဆိုပီးပေါ့ဗျာ.....
နံပါတ် (၁) ။ Templates ဆိုတာကို ကလစ်ပြီးတော့.....
နံပါတ် (၁) ။ Templates နဲ့ပတ်သက်ပီး လုပ်ဆောင်နိုင်တာကို အထက်က ပုံထဲမှာ ကျနော် ရေးပြထားပါတယ်.။
သူကနေ Template အမျိုးမျိုးကို ရွေးချယ်ဖို့အတွက် ပုံလေးတွေ ပေးထားပါတယ်.။
သင်ကြိုက်ရာ ပုံကို ကလစ်လိုက်တာနဲ့.. သူ့ရဲ့ အောက်မှာ ပုံအမျိုးစားခွဲတွေကိုလဲ ပေးထားပါသေးတယ်.။
သင်ကြိုက်ရာကို ကလစ်ပြီး ယူလိုက်ပေါ့ဗျာ........။
နံပါတ် (၂) ။ Background ဆိုတာကို ကလစ်ပြီးတော့.....
မိမိစိတ်ကြိုက်ပုံကို Background အဖြစ် ထည့်သွင်းနိုင်သလို ။ Color တွေကိုလဲ စိတ်ကြိုက် ပြုပြင်နိုင်ပါတယ်ခင်ဗျာ.......။
နံပါတ် (၃)။ Adjust widths ဆိုတာကို ကလစ်ပြီးတော့.......
မိမိဘလော့ရဲ့ အလယ် Post ရေးသားချက်တွေကို အကျယ် ဘယ်လောက်ထားမယ်.။
ဘယ်. ညာ မှာ ရှိနေတဲ့ Box တွေကို အကျယ် အကျဉ်း ဘယ်လောက်ထားမယ် ဆိုတာတွေကို
လိုသလို သတ်မှတ်ပေးနိုင်ပါတယ်.။
နံပါတ် (၄)။ Layout ဆိုတာကို ကလစ်ပြီးတော့..........
မိမိရဲ့ Body စတိုင်ကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်..။
အထက်မှာ..ပုံလေးတွေလဲ ပါနေတာမို့ နားလည်မယ် ထင်ပါတယ်ဗျာ...........။
နံပါတ် (၅)။ Advanced ဆိုတာကိုကလစ်ပြီးတော့......
အခု နံပါတ် 5 ဖြစ်တဲ့ Advanced ကတော့ အတော်ကြီးကို အသုံးဝင်ပါတယ်..
Advanced ကနေ မိမိဘလော့ တစ်ခုလုံးမှာ အလှဆင်ဖို့အတွက် အရေးကြီးဆုံးလို့ ပြောရင်လဲ ရပါတယ်.။
မိမိရေးသားချက် စာလုံး စတိုင်တွေ..။ မိမိဘလော့မှာ တစ်ခြား စတိုင်တွေ အများကြီး ကလိရင် ကလိ
သလောက် ပေးထားတာမို့ပါ..။
ကဲ ကိုယ်တိုင်သာ ကလိကြည့်ပေတော့ဗျာ.................။
အထက်က ပုံလေးထဲမှာ အသုံးဝင်တာတွေကို အကွင်းလေးတွေနဲ့ ပြပေးထားတယ်နော်....။
ဥပမာ..... လုပ်ပြရမယ် ဆိုရင်တော့............
နောက်တစ်မျိုး ကြည့်ပါအုံး
နံပါတ် (၂) HTML ကုဒ်များ မလိုတာကိုဖြုတ်. လိုချင်တာထည့်တဲ့နည်းနဲ့ ပြုပြင်ခြင်း.
အစက အစ ပြန်ပြောကြမယ်ဗျာ...။
ဒါက HTML ကုဒ်တွေ ပြုပြင်နည်း ဖြစ်တာ ဆိုတော့..........
Template ဆိုတာကို ကလစ်လိုက်ပါ
ပေါ်လာတဲ့ အထက်က Edit HTML ဆိုတာကိုကလစ်လိုက်ပါ..။
ပေါ်လာတဲ့ အထဲက Proceed ဆိုတာကို ကလစ်လိုက်ပါ..။
အောက်က အတိုင်း HTML ကုဒ်ဖိုင်ကို မြင်ရပီပေါ့နော်..............
အဲဒီ အထက်က HTML ကုဒ်ဖိုင်ထဲကနေ Code တွေကို ဖြုတ်ချင်ဖြုတ်..။ထည့်ချင် ထည့်ရတာပါ.။
အဲ အရေးကြီးတာက.. အဲဒီထဲက ကုဒ်တစ်ခုခု ဖျက်လိုက်မိတာနဲ့ ကိုယ့်ဘလော့မှာ
HTML ကုဒ်ဖိုင်ကို ဘယ်လိုပြင်မလဲဗျာ......
အခု ပြောမှာကတော့.. HTML ကုဒ်ဖိုင်ကို ပြုပြင်တဲ့အခါ လုပ်ရမယ့် နည်းလမ်းပါ....။
ကဲ .. ကဲ... ပြင်တော့မယ် ဆိုတာနဲ့ အောက်က ပုံထဲက အတိုင်း အရင်ဆုံး
အဲလို အမှန်ခြစ် မပေးဘူး ဆိုရင်တော့.... အကုန်လစ်ကုန်မယ်ဗျ..။ အရေးကြီးတယ်နော်...။
HTML ကုဒ်ရှာချင်တယ်ဆိုရင်.....
html ကုဒ်တွေက အများကြီးဆိုတော့ ရှာရခက်တယ်ဗျ..။
အရင်တုန်းက ကျနော် ရွာလည်ခဲ့ဘူးတယ်......။
မျက်စိနောက်အောင် ရှာရတာလေ.....။
အခုတော့ အကောင်းဆုံးနည်း ရသွားပါပီ.....။
အထက်က ပုံမျိုး ကုဒ်ဖိုင် မြင်နေရပီဆိုရင်...
Ctrl+F ကို တွဲပီး နှိပ်လိုက်ပါ..။
ကုဒ်ရှာဖို့အတွက် ဖိုင်လေး ပေါ်လာပါမယ်.
ကိုယ်ရှာချင်တဲ့ ကုဒ်ကို အဲဒီကွက်လပ်ထဲ ထည့်လိုက်ပါ..။
သူက အရောင်လေးနဲ့ အသေချာ ရှာပေးပါလိမ့်မယ်..။
ဥပမာ.....
<!-- navigation -->
ဆိုတာကို ရှာချင်တယ် ဆိုရင် အဲဒီကွက်လပ်ထဲ ထည့်လိုက်ရုံပါပဲ......
အဲလို ရှာဖွေပီးတော့.. ပြုပြင်ခြင်းတွေ စိတ်တိုင်း ကျပီဆိုရင်.. Save Template ကို
ပီးမှ Save Template ကိုဆိုတာကို ကလစ်ပြီး အတည်ပြုလိုက်ပါ..။
No comments:
Post a Comment