(VZO ချက်ဖို့ နာမည်နဲ့ စကားဝှက် မရှိသေးသူများ .။ မလုပ်တတ်လို့ ဒီတိုင်း နေရသူများအတွက်
Register ပြုလုပ်နည်းကို
ဒီနေရာလေးမှာ နှိပ်ပြီးတော့ ဖတ်ပါ..။)
.... သင့်ရှေ့က ကွန်ပျူတာ ပေါ်က VZO ဆိုတဲ့ Icon လေးကို ဖွင့်လိုက်ပါ
My VZOchat ဆိုတာကို တစ်ချက်နှိပ်ပါ
ပေါ်လာတဲ့ အထဲက Login ဆိုတာကိုနှိပ်ပါ
အောက်ပါ ပုံစံ အတိုင်း တွေ့မြင်ရပါက အမည်နဲ့ စကားဝှက် ထည့်ပြီး OK နှိပ် ဝင်လိုက်ပါ
အောက်က မြင်နေရတဲ့ ဖိုင်ပုံစံလေးက Address book ဖိုင်ဖြစ်ပါတယ်.။
ဒါကတော့ မူရင်း ဖိုင် ပုံစံလေးပဲဖြစ်ပါတယ်..။
သူငယ်ချင်း တစ်ယောက်နဲ့ အခုချက်ခြင်း ရုပ်မြင်ပြိး VZO ချက်ချင်တယ် ဆိုရင်
အောက်က ပုံထဲက အတိုင်း လုပ်ဆောင်ပါ
လုပ်ဆောင်ချက်များကို အောက်မှာ စာနဲ့တကွ မျှား ထိုးပြီး ရှင်းပြပေးထားပါတယ်
(သိချင်သူများအတွက် အချက်လက်တွေမို့ မသိမဖြစ်လို့ ပြောရမလားပဲဗျ..။)
Address book နဲ့ပတ်သက်ပြီး အောက်မှာ ရှင်းပြပေးထားပါတယ်။
VZO အသုံးမပြုတော့ဘူး ဆိုတာနဲ့ အောက်ပါ အတိုင်း Log out လုပ်ပြီး
ထွက်ပေးပါ..။
... အထူးသတိပြုရန်အချက်........
VZO အကောင့်က Gtalk အကောင့်လို မဟုတ်ပါဘူး.။
တကယ်လို့ သင်က အထက်မှာ ပြထားတဲ့အတိုင်း
Logout လုပ်ပြီး မထွက်ခဲ့ဘူး ဆိုရင်
Online မှာ Login အနေနဲ့ပဲ ကျန်နေခဲ့မှာပါ..။
စက်ပိတ်လဲ မရပါဘူး..။
Logout မလုပ်မချင်း အွန်လိုင်းပေါ်မှာ ရှိနေမှာပါ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူငယ်ချင်း တစ်ယောက်ယောက်နဲ့ VZO ချက်ချင်ရုံ သက်သက် ဆိုရင်တော့
အောက်မှာ ရှင်းပြမယ့် အရာတွေကို မဖတ်လဲ ရပါတယ်.။ အရေးမကြီးပါဘူး..။
သိချင်သူများ သာ ဆက်ဖတ်ကြပါရန်............
................................................................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အထက်မှာ ပြောပြခဲ့တာတွေက VZO box လို့ ပြောရမယ် ထင်ပါတယ်.။
အခု ရှင်းပြမှာကတော့ VZO ဝက်ဆိုဒ်ပါ.။
www.vzo.com ဆိုပြီး သွားလိုက်ပါ
ဒါမှ မဟုတ်.. VZO box ထဲက
Search For Friend (လူရုပ် 2 ခု ကမ္ဘာလုံးပုံစံ) ကိုနှိပ်လိုက်ရင်လဲ
ရောက်ပါတယ်.။
Login နှိပ်ပြီး အမည်နဲ့စကားဝှက် ထည့်ပါ။
သင်နဲ့ သင့်သူငယ်ချင်း ချိတ်ဆက်ထားတယ် ဆိုပါစို့
သင်က လိုင်းမှာ မရှိဘူး..။ သူက လိုင်းမှာ ရှိပြီး သင့်နာမည် ကို နှိပ်လိုက်တာနဲ့
သင် နောက်ဆုံး ချက်ခဲ့တဲ့ (ကင်မရာ မှတ်တမ်းတင်ထားတဲ့) ရုပ်ပုံကို သူ့ဘက်က မြင်ရမှာပါ.။
အဲတော့ ကိုယ်က ပုံမကျ ပန်းမကျ ပုံစံနဲ့ နောက်ဆုံးချက်ခဲ့တဲ့ ရုပ်ပုံကို
သူငယ်ချင်း မြင်သွားတာမျိုးဆိုရင်.. မကောင်းတဲ့ သူများအတွက်
လိုင်းမှာ ဘယ်အချိန် နှိပ်ကြည့်ကြည့် သူငယ်ချင်းတွေ မြင်စေချင်တဲ့ ရုပ်ပုံကို
သတ်မှတ်ထားလို့ရပါတယ်..။
...........................................
အောက်မှာ ပြထားတဲ့ အထဲက ရုပ်ပုံ တည့်တည့်နှိပ်
သို့မဟုတ် .. Upload photo ဆိုတာကို နှိပ်ပြီး
ကြိုက်နှစ်သက်ရာ ရုပ်ပုံ သတ်မှတ်လိုက်ပါ