Tuesday, July 3, 2012
Gtalk (အခြေခံ) အသုံးပြုပုံ...
သူငယ်ချင်းမှာ Gtalk အကောင့်ရှိပီးသား ဆိုတော့
ပထမဥိးဆုံး ကွန်ပျူတာ မျက်နှာပြင်ပေါ်ကို ကြည့်လိုက်ပါ..။ (ကွန်ပျူတာ ဖန်သား မျက်နှာပြင်ကို
Desktop လို့ခေါ်ပါတယ်.။)
Google Talk ဆိုတဲ့ Icon လေး တွေ့ပါမယ်.။
Google Talk ဆိုတဲ့ Icon ပေါ်ကို မောက်စ် တင်ပြီး Right Click (ညာဘက် ခလုတ်) နှိပ်လိုက်ပါ.။
ပေါ်လာတဲ့ စာတန်းတွေထဲက Open ဆိုတာကို Click (ဘယ် ဘက် ခလုတ်) နှိပ်လိုက်ပါ..။
[ Google Talk ဆိုတဲ့ Icon ပေါ်ကို မောက်စ် တင်ပြီး Click အမြန် နှစ်ခါ နှိပ်လဲ အတူတူပါပဲ
အဲဒါကို Double Click လို့ခေါ်ပါတယ် ]
အောက်က အတိုင်း Gtalk ဖိုင်လေး ပေါ်လာပြီပေါ့ဗျာ.......
အဲဒီမှာ username နဲ့ password မှန်အောင် ရိုက်ထည့်ပေးလိုက်ပါ...။
ပီးရင် Sign In ဆိုတာကို Click လိုက်ပါ..။ ( Enter ခေါက်လဲတူတူပဲဗျ)
အထက်က ပုံထဲမှာ အဝိုင်းလေး လုပ်ပြထားတဲ့ Remember password ဆိုတဲ့ ရှေ့က
အကွက်ထဲကို Click လိုက်ရင် အမှန်ခြစ်လေး ပေါ်လာပါမယ်.။ အဲဒီလို အမှန်ခြစ် လေး ရှိနေတယ် ဆိုရင်
ပြန်ပီး Click လိုက်ပါ..။ အမှန်ခြစ် ရှိနေလို့ မရပါဘူး.။ ရှိနေတယ် ဆိုရင် စက်ကြီးက သင့်အကောင့်ကို
အကုန်မှတ်ထားလိုက်ပါတယ်..။ တိုင်ပတ်သွားမှာစိုးလို့ ကြိုပြောတာပါခင်ဗျာ...
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သင့်အကောင့် ပွင့်သွားပီ ဆိုရင်...................... အောက်က အတိုင်း မြင်ရပါမယ်......
သူငယ်ချင်းတွေရဲ့ gtalk အကောင့် နဲ့ ချိတ်ဆက်ကြမယ်.
ကိုယ့်ရဲ့ အကောင့် ( gtalk ကို account လို့ခေါ်ကြပါတယ်.။) ထဲမှာ ဘယ်သူမှ မရှိသေးတဲ့အတွက်
ဘာမှ မရှိသေးတာကို အပေါ်က ပုံမှာ မြင်ရပီ ..ဆိုတော့ ကိုယ်နဲ့ သိတဲ့ သူရဲ့ acc ကို ထည့်ကြမယ်ဗျာ
ကိုယ့်သူငယ်ချင်းအကောင့်က bestfriend@gmail.com ပဲ ဆိုပါစို့ဗျာ.......
သင့် gtalk ဖိုင်ရဲ့ search ကွက်လပ်မှာ account အမည်ကို အောက်ပါအတိုင်း
ရေးလိုက်ပါ..။
ပီးရင်.. Enter ခေါက်လိုက်ရင် ..... အောက်ပါ အတိုင်းမြင်ရပါမယ်.။
Next ဆိုတာကို Click လိုက်ပါ..။
အောက်က ပုံမှာအတိုင်း Finish ဆိုတာကို Click လိုက်ပါ..။
ဒါဆိုရင် ကိုယ့်ရဲ့ သူငယ်ချင်းကို Gtalk Friend အဖြစ် ကမ်းလှမ်းမူ့ (Invite) အဆင့် ပြီးဆုံးသွားပါပြီ.။
Friend အဖြစ် လက်ခံခြင်း ငြင်းပယ်ခြင်း
ကမ်းလှမ်းမူ့ အဆင့်ပြီးရုံနဲ့ စကားပြောလို့ မရသေးပါဘူးခင်ဗျာ.......
တစ်ဖက်ရဲ့ Gtalk မှာ အောက်ပါ အတိုင်းမြင်ရပါမယ်...။
လက်ခံမယ်..ဆိုရင် Yes ပေါ့ဗျာ..။ လက်မခံဘူး ဆိုရင်တော့...... no ပေါ့ဗျာ............
သင့်ဆီကို ကမ်းလှမ်းလာပြီဆိုရင်လဲ ဒီတိုင်းပါပဲဗျာ......။
သင့်ရဲ့ Gtalk လုပ်ဆောင်ထားရမည့်ပုံ.
သင့်ရဲ့ Gtalk အောက်ခြေမှာ ပါတဲ့ View နောက်မှာပါတဲ့ အောက်စိုက် မျှား လေးကို ကလစ်ပြီးတော့
စာတန်း အလယ် 3 ကြောင်းမှာပဲ အမှန်ခြစ် ထားပေးပါ..။ ကျန်တဲ့ 2 ခုကို မထားပါနဲ့ခင်ဗျာ...။
တစ်ဖက်က ရှိ မရှိ ဘယ်လိုသိနိုင်မှာလဲ
ကိုယ်နဲ့ Friend ဖြစ်နေတဲ့ တစ်ဖက်ကလူ သင်ထိုင်နေတဲ့ အချိန်မှာ သူထိုင် မထိုင် သိချင်ရင်တော့
အောက်ပါအတိုင်း ခွဲခြား သိလိုက်ပါ..။ မီးလင်း နေရင် ရှိတယ်..။ မီးမလင်းရင် မရှိဘူးပေါ့ဗျာ........။
တစ်ခါတစ်လေမှာ ကိုယ်ရေးလိုက်တဲ့စာ သူ့ဘက် မရောက်ဘူး ဆိုတာကတော့
သူ့ဘက်မှာ Connection ကျနေတာဖြစ်နိုင်သလို သင့်ဘက်ကလည်း ကျနေတာဖြစ်နိုင်ပါတယ်..။
သင့်တကယ် အွန်လိုင်းမှာ ရှိရဲ့လား ဆိုတာ စကားပြောနေတိုင်းမှာ မကြာမကြာ ကြည့်ပေးပါ..။
တစ်ဖက်သူနဲ့ စကားစပြောမယ်
တစ်ဖက်သူနဲ့ စကားပြောချင်တယ် ဆိုရင် မိမိအကောင့်ထဲမှာ ရှိနေတဲ့ သူငယ်ချင်းအမည်ပေါ်
Click လိုက်ပါ..။ အောက်ပါ အတိုင်း ဖိုင်လေး ပေါ်လာပါမယ်.။
Subscribe to:
Post Comments (Atom)
အသိပေးခြင်း
ကျနော် ဘလော့မှာ အရင်က
ရေးသားချက်တွေပါ ဖော်ပြခဲ့ပါတယ် ။
ရေးသားချက် များလာတာနဲ့ အမျှ
ကြည့်ရှု့သူတွေမှာ လိုရင်း မရောက်ဘဲ
မလိုအပ်တဲ့ ရေးသားချက်တွေပါ
မြင်နေရတဲ့ အတွက်
ခေါင်းစဉ်များသာ ဖော်ပြသော
အောက်ပါ ပုံစံ သို့
ပြောင်းလဲထားပါတယ်ခင်ဗျ.။
.. ရှာဖွေ ဖတ်ရှု့လိုသူများ မိမိ နှစ်သက်ရာ
စာတန်းအား Click နှိပ်ပြီး ဖတ်ရှု့နိုင်ပါတယ်ခင်ဗျာ..
ထာဝရ ခင်မင်လေးစားလျှက်..
အမုန်းမဲ့(မန္တလေး)
!-kp3နည်းပညာ-http:>
အခုတစ်လော လူကြည့်များတာက
-
Gtalk မှာ သူငယ်ချင်း အများကြီး ရှိလာတဲ့ အခါ ဘယ်သူ့ကို ဘာတွေ ပြောထားမိမှန်း အကုန်မှတ်ဖို့ ခက်ခဲနိုင်ပါတယ်..။ ဘယ်သူနဲ့ပဲ ဖြစ်ဖြစ် .....
-
Gtalk သုံးနေတဲ့ သူငယ်ချင်းတွေ အဆင်ပြေစေဖို့အတွက် Messagers ဆိုဒ် တစ်ခုကို မျှဝေ အသိပေးလိုက်ပါတယ်......။ အ...
-
မိမိမခင်တဲ့သူကို Block လုပ်မယ်..။ Block လုပ်တယ် ဆိုတာက တစ်ဖက်သူကို တားဆီးလိုက်တယ်.လို့ ပြောရမှာပါ...
-
တစ်နေ့သ၌ ကျွန်ုပ်သည် အင်တာနက်တွင် ဘလော့နှင့် ပတ်သက်၍ Slider လုပ်နည်းတစ်ခုကို တွေ့မိ၍ ကျွန်ုပ်၏ ဘလော့တွင် စမ်းသပ်ကြည့်ရာ အလွယ်တကူပင် လုပ်...
-
အရင် တုန်းက gmail နှစ်ခု သုံးခု ဖွင့်ဖို့ အတွက် Settings ထဲ ဝင်ပြင်ရတယ် ဆိုတာ သူငယ်ချင်းတို့ သိကြမှာပါ အခုဟာကတော့.... အဲ...
-
အောက်ပါ လင့်ခ် ကိုနှိပ်ပြီး သွားပါ http://whos.amung.us/stats/ ရောက်သွားပီ ဆိုရင်... Get your own free stats page ! ဆိုတဲ့ စာတန်...
-
မိမိကြိုက်နှစ်သက်ရာ စာလုံးများကို HTML code နဲ့ အရိပ် ထည့်ချင်သူတွေအတွက် ကျနော် မျှဝေလိုက်ပါတယ်..။ ဒီနည်းပညာကို ကို...
-
ဒီခေါင်းစဉ်အောက်မှာ Gtalk လုပ်ဆောင်ချက်မှန်သမျှ သိရှိစေဖို့ အတွက် အပြည့်အစုံ ရေးပြမယ် ဆိုရင်... စာမျက်နှာ အခက်ခဲ ရ...
-
(VZO ချက်ဖို့ နာမည်နဲ့ စကားဝှက် မရှိသေးသူများ .။ မလုပ်တတ်လို့ ဒီတိုင်း နေရသူများအတွက် Register ပြုလုပ်နည်းကို ဒီနေရာလေးမှာ နှိပ်ြ...
-
အခုပြောမယ့် အကြောင်းအရာကတော့ Gmail ဖွင့်နည်းပါခင်ဗျာ...။ (အဲဒါကြောင့် သိပီးသားသူများ ဆက်ဖတ်နေရင် မျက်စိညောင်းပါမယ်.။) မသိသေးတဲ့ သူတစ...
No comments:
Post a Comment